သမီးလေးယွန်းယွန်း ၏ မူကြိုဖြစ်သော Disney Preschool ကို စတင်ရွေးချယ်ဖြစ်တဲ့အတွက် မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုကို စတင်ပြောချင်ပါတယ်။ မူကြိုစတက်တဲ့ ပထမနေ့မှာ ၉၀:၃၀ ပို့ပြီး၊ ၁၂:ဝဝ မှာလာကြိုတယ်၊ အိမ်ရောက်တာနဲ့သမီးက မနက်ဖြန်ကျရင် ၃၀:ဝဝလာကြိုပါတဲ့၊ သူပျော်တယ်ဆိုတာ သိလိုက်ရလို့ ဝမ်းသာမိတယ်၊ ထမင်းစားတဲ့အချိန်မှာ water please တဲ့။ တစ်ရက်ထဲ အချိန်ပိုင်းမှာတင် ကလေးမှတ်မိအောင် သင်ကြားပေးနိုင်ပါတယ်၊ ကျေးဇူး Teacher။ ဆေးရောင်ခြယ်တာလေး တွေကနေစပြီး Tracing မှတဆင့် ကလေးကို ဂရုတစိုက် လေ့ကျင့်ပေးခဲ့တဲ့ Disney Preschool မှ ဆရာမများအားလုံးကို လက်ဦး ဆရာများအဖြစ် အသိအမှတ်ပြုပါတယ်။ Spelling လေးတွေ ပေါင်းနိုင်ပြီ၊ သဲကစားခြင်း၊ ရေကစားခြင်းစတဲ့ ပျော်စရာ Game လေးတွေအပြင် ပြင်ပဗဟုသုတအဖြစ် Ocean Super Centre ကစားကွင်းသို့ သူငယ်ချင်းများနှင့်အတူ ပျော်ရွင်စွာ ကစား ပေးစေခြင်းမှာ အပြင် မူကြို မှာလည်း Sand Wich ပြုလုပ်စေခြင်း Jelly milk-shake ပြုလုပ်စေခြင်းစသော နည်းလမ်းများဖြင့်လည်း သမီးလေး သားလေးများအား အပြောင်းအလဲများ ဖန်တီးတက်သောကြောင့် သမီးကမူကြိုမသွားရ မနေနိုင်ကို ဖြစ်နေတာပါ … ကျေးဇူးတင်ပါတယ်။ တက်ရောက်ခဲ့တဲ့ ရလအတွင်းမှာ အလွန်သိသာစွာ သွတ်လက်လာပါတယ်။ English Meaning မှာလည်း အသံထွက်မှန်ကန်စွာ ပြောဆိုတက်နေပါပြီ။ ရေးချင်တာတွေကတော့ အများကြီးကို ကျန်ပါသေးတယ်၊ သားကလေးအလှည့်ကျရင်လည်း တခြား မည့်သည့်မူကြိုကိုမှ စဉ်းစားစရာမလိုဘဲ သူ့အမ တက်ခဲ့တဲ့ Disney Preschool ကိုပဲ ရွေးချယ်ဖြစ်မှာပါ…။ ဆရာဆရာမများအားလုံးကိုလည်း တန်ဖိုးထားလေးစားလျက်ပါ။
Read more...