
ဦးအောင်သော်ဇင် + ဒေါ်ယုမွန်ချစ်ဆွေ
ကျွန်တော်သည် သမီးလေး အိမ့်မှူးယသော်ဇင် ၏ ဖခင်ဖြစ်ပါသည်။ ကျွန်တော့သမီးလေး Disney Preschool တွင် May လမှစ၍ ကျောင်းတက်ခဲ့သည်မှာ ယခုဆိုလျှင် ရလရှိပါပြီ။ ကျွန်တော့်သမီး ကျောင်းတက်တက်ခြင်း တစ်လအတွင်းမှာပင် ကျွန်တော်တို့မိဘနှစ်ဦး အံသြရလောက်အောင် သမီးလေး၏ သင်ယူမှုစွမ်းရည်ကို တွေ့ခဲ့ရပါသည်။ ယခုအချိန်တွင် သမီးလေးမှာ ကျောင်းမှသင်ကြားလိုက်သော ကဗျာများ၊ ဝေါဟာရများ၊ မြန်မာအက္ခရာ၊ အင်္ဂလိပ်အက္ခရာ၊ ဂဏန်းသင်္ချာများကိုလည်း အရွယ်နှင့်မလိုက်အောင်ကို သိရှိနေပါပြီ။ ကျွန်တော့သမီးလေးသည် ကျောင်းနေပျော်၍ စာတော်သောကလေးတစ်ယောက်ဖြစ်လာအောင် သင်ကြားပေးခဲ့သော Disney Preschool မှဆရာမများ၏ ကျေးဇူးကို သမီးလေးသိရှိအောင် အိမ်တွင်ပြောပြပေးပါသည်။ ကျွန်တော်တို့ မိဘနှစ်ဦးမှ လည်း စိတ်ရှည်စွာ၊ မရိုက်မနှက်ဘဲ စေတနာထား သင်ကြားပေးခဲ့သော ဆရာမများကို အထူးကျေးဇူးတင်ရှိပါသည်