Loading…

Disney Preschool

Disney Preschool

Disney Preschool

Disney Preschool For Your Child

Disney Preschool မှ ကျောင်းသား၊ ကျောင်းသူများအတွက် ကာယ၊ ဉာဏ၊ စရိတ္တ ဘက်စုံ ဖွံ့ဖြိုး တိုးတက် စေရန် Main Subjects များဖြစ်သည့် English, Maths, Myanmar ဘာသာရပ်များကို အတွေ့ကြုံရှိ ဆရာ၊ ဆရာမများက Activity Based Learning ပုံစံများနှင့် Student-Centered Teaching များဖြင့် သင်ကြားပေး လျှက်ရှိပါသည်။

ထို့ပြင် Extra-Curriclum Activites များအနေဖြင့် Music, Dance, Art & Craft, Drawing, P.E နှင့် Social & Environmental Studies ဘာသာရပ်များကိုလည်း သင်ကြားပေးနေပါသည်။

The Earlier you know, the better you will grow, so Let's Enroll!

Disney Preschool တွင် တက်ရောက်သည့် ကျောင်းသား ကျောင်းသူများသည် အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြောစွမ်းရည်များကို အခြေခံမှစ၍ ပိုင်နိုင်စွာ သင်ယူနိုင်မည်ဖြစ်ပါသည်။

Parent says

သမီးလေးယွန်းယွန်း ၏ မူကြိုဖြစ်သော Disney Preschool ကို စတင်ရွေးချယ်ဖြစ်တဲ့အတွက် မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုကို စတင်ပြောချင်ပါတယ်။ မူကြိုစတက်တဲ့ ပထမနေ့မှာ ၉၀:၃၀ ပို့ပြီး၊ ၁၂:ဝဝ မှာလာကြိုတယ်၊ အိမ်ရောက်တာနဲ့သမီးက မနက်ဖြန်ကျရင် ၃၀:ဝဝလာကြိုပါတဲ့၊ သူပျော်တယ်ဆိုတာ သိလိုက်ရလို့ ဝမ်းသာမိတယ်၊ ထမင်းစားတဲ့အချိန်မှာ water please တဲ့။ တစ်ရက်ထဲ အချိန်ပိုင်းမှာတင် ကလေးမှတ်မိအောင် သင်ကြားပေးနိုင်ပါတယ်၊ ကျေးဇူး Teacher။ ဆေးရောင်ခြယ်တာလေး တွေကနေစပြီး Tracing မှတဆင့် ကလေးကို ဂရုတစိုက် လေ့ကျင့်ပေးခဲ့တဲ့ Disney Preschool မှ ဆရာမများအားလုံးကို လက်ဦး ဆရာများအဖြစ် အသိအမှတ်ပြုပါတယ်။ Spelling လေးတွေ ပေါင်းနိုင်ပြီ၊ သဲကစားခြင်း၊ ရေကစားခြင်းစတဲ့ ပျော်စရာ Game လေးတွေအပြင် ပြင်ပဗဟုသုတအဖြစ် Ocean Super Centre ကစားကွင်းသို့ သူငယ်ချင်းများနှင့်အတူ ပျော်ရွင်စွာ ကစား ပေးစေခြင်းမှာ အပြင် မူကြို မှာလည်း Sand Wich ပြုလုပ်စေခြင်း Jelly milk-shake ပြုလုပ်စေခြင်းစသော နည်းလမ်းများဖြင့်လည်း သမီးလေး သားလေးများအား အပြောင်းအလဲများ ဖန်တီးတက်သောကြောင့် သမီးကမူကြိုမသွားရ မနေနိုင်ကို ဖြစ်နေတာပါ … ကျေးဇူးတင်ပါတယ်။ တက်ရောက်ခဲ့တဲ့ ရလအတွင်းမှာ အလွန်သိသာစွာ သွတ်လက်လာပါတယ်။ English Meaning မှာလည်း အသံထွက်မှန်ကန်စွာ ပြောဆိုတက်နေပါပြီ။ ရေးချင်တာတွေကတော့ အများကြီးကို ကျန်ပါသေးတယ်၊ သားကလေးအလှည့်ကျရင်လည်း တခြား မည့်သည့်မူကြိုကိုမှ စဉ်းစားစရာမလိုဘဲ သူ့အမ တက်ခဲ့တဲ့ Disney Preschool ကိုပဲ ရွေးချယ်ဖြစ်မှာပါ…။ ဆရာဆရာမများအားလုံးကိုလည်း တန်ဖိုးထားလေးစားလျက်ပါ။

ဒေါ်သန္တာ (ယွန်းရွှေရည်လင်း ၏ မိခင်)

ကျွန်တော်သည် သမီးလေး အိမ့်မှူးယသော်ဇင် ၏ ဖခင်ဖြစ်ပါသည်။ ကျွန်တော့သမီးလေး Disney Preschool တွင် May လမှစ၍ ကျောင်းတက်ခဲ့သည်မှာ ယခုဆိုလျှင် ရလရှိပါပြီ။ ကျွန်တော့်သမီး ကျောင်းတက်တက်ခြင်း တစ်လအတွင်းမှာပင် ကျွန်တော်တို့မိဘနှစ်ဦး အံသြရလောက်အောင် သမီးလေး၏ သင်ယူမှုစွမ်းရည်ကို တွေ့ခဲ့ရပါသည်။ ယခုအချိန်တွင် သမီးလေးမှာ ကျောင်းမှသင်ကြားလိုက်သော ကဗျာများ၊ ဝေါဟာရများ၊ မြန်မာအက္ခရာ၊ အင်္ဂလိပ်အက္ခရာ၊ ဂဏန်းသင်္ချာများကိုလည်း အရွယ်နှင့်မလိုက်အောင်ကို သိရှိနေပါပြီ။ ကျွန်တော့သမီးလေးသည် ကျောင်းနေပျော်၍ စာတော်သောကလေးတစ်ယောက်ဖြစ်လာအောင် သင်ကြားပေးခဲ့သော Disney Preschool မှဆရာမများ၏ ကျေးဇူးကို သမီးလေးသိရှိအောင် အိမ်တွင်ပြောပြပေးပါသည်။ ကျွန်တော်တို့ မိဘနှစ်ဦးမှ လည်း စိတ်ရှည်စွာ၊ မရိုက်မနှက်ဘဲ စေတနာထား သင်ကြားပေးခဲ့သော ဆရာမများကို အထူးကျေးဇူးတင်ရှိပါသည်

ဦးအောင်သော်ဇင် + ဒေါ်ယုမွန်ချစ်ဆွေ

Disney Preschool ကျောင်းဟာ အလွန်ကောင်းမွန်တဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါသည်။ ကျွန်မသမီးဆုပြည့်ဟာ ကျောင်းတက်တဲ့ ရလအတွင်းမှာ သိသိသာသာ တိုးတက်လာတာတွေ့ရပါတယ်။ စကားထစ်တာလည်း ပျောက်သွားပါတယ်။ တစ်ပတ်စာ သင်သမျှနှင့် မိဘများ သိသင့်တဲ့ အကြောင်းအရာများကို Note စာအုပ်လေးများရေးပြီး အသိပေးတာရော သဘောကျပါတယ်။ ကျောင်းစာတင်မက ကလေးများသိသင့်သော ပညာပေးအကြာင်းအရာများကိုပါ ပြောပြပေးသည်ကို သိရှိရသည့်အတွက် အလွန်ဝမ်းသာပီတိဖြစ်ရပါတယ်။ ယခုလိုစာတစ်မျိုးတည်းမဟုတ်ဘဲ ဗဟုသုတရဖွယ် အကြောင်းအရာများနှင့် ပညာပေး အစီအစဉ်များကိုလည်း အလျဉ်းသင့်သလို မျှဝေပေးစေလိုပါသည်။

ဒေါ်တင်ဇာဗိုလ် (ဆုပြည့်ရတနာ ၏ မိခင်)

ဆရာမတွေရဲ့ သင်ကြားမှုပုံစံကို အရမ်းသဘောကျ နှစ်သက်ပါတယ်။ ကလေးတွေကို စာသင်ပေးတာတင် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်လေ့လာမှုတို့ကို ကောင်းမွန်မှန်ကန်အောင် စနစ်တကျပြုစုပျိုးထောင် သင်ကြားပေးသော ကျောင်းကောင်းတစ်ကျောင်း ဖြစ်ပါသည်။

ဦးသိန်းကြွယ်ဦး + ဒေါ်ကြည်ပြာသွယ်

Enquiry Get in touch with us

Mail and Phone Enquiry

No.115/117,Ground floor, 51st Street,

Pazundaung Towhship, Yangon, Myanmar

 

Office Phone : +95 9 971798478

Mobile Phone: +95 9 420 100 177

We are open Monday through Sunday from 8:30 a.m. to 4 p.m.

FacebookTwitterG+LinkedinPinterestRSS

FacebookG+TwitterRSS